ကဗျာအတိုအစ

#နေမျိုး

သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခု ဖြစ်သွားတယ်။
သူ့ငိုသံတစ်၀က် ကျွန်တော့်ငိုသံတစ်၀က်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက် ဖြစ်သွားတယ်။
သူ့ပိုက်ဆံတချို့ ကျွန်တော့်ပိုက်ဆံတချို့
ပေါင်းလိုက်တော့ အဝေးက မြို့လေးတစ်မြို့။
သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)