အိုညနေ
ဟောဟိုက
ဗာဒံရွက်ကြွေကျပုံက
လမ်းခုလတ်ရောက်မှ
တစ်စုံတစ်ရာကို အမှတ်ရကာ
တန့်ခနဲ ရပ်
ပြီးမှ
တဟုန်ထိုး ခုန်ချလိုက်တယ်။
ဗီရိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့
နာရီဟာ
ကျွန်တော့်နာမည်ကို မေးပါတယ်။
တူး.....တူ့ တူး ..... တဲ့
စူးရှစွာ
အလန့်တကြား အော်
ချော်လဲမတတ် သူ့ခန္ဓာကို ပြန်ဟန်ကာ
“ဘယ်မြို့ထိအောင် သွားမှာလဲ”
မီးရထားတစ်စင်း ဖြတ်မောင်းသွားပေါ့။
Comments
Post a Comment