အလိုမပြည့်တဲ့ကြောင်
အပျံသင်စ ကြောင်လေးတစ်ကောင်ပါ
ငွေကြေးလည်ပတ်မှုယန္တရားကို သူနားမလည်ရှာဘူး
ကြွက်တွေက သူ့ထက်မာယာများလေတော့
တစ်ပြားတစ်ချပ်မှ ၀င်ငွေကမရှိ
သူ့အပေါင်းအသင်းသူဌေးသားတွေရဲ့ စတိုင်အတိုင်း
တချွင်ချွင်ခြူသံပေးပြီး
ကာမဂုဏ်တွေထဲ အာရုံဝဲလည်
ငွေကို ရေလိုသုံးချင်ပေမယ့် အလိုဆန္ဒမပြည့်၀
သူ့သခင်မရဲ့ ချော့မြူခြင်းကိုလည်း သူငြီးငွေ့တယ်
ကလီရှေးဖြစ်လွန်းတဲ့ နွားနို့ကိုလည်း မုန်းတီးမိ
ကိုးကျင်းကိုးကုန်းခရီးဆန့်ဖို့ကျ သတ္တိကမရှိပြန်
ဒါနဲ့ပဲ
သူမကြိုက်တဲ့ ငါးဟင်းကိုပဲ နေ့တိုင်းစားရ
သူ့သခင်မရင်ခွင်မှာပဲ
သူ့ဘ၀သူ မြှုပ်နှံရတော့တယ်။ ။
#မူးနေတဲ့ကြယ်တံခွန်ကဗျာစာအုပ်မှ
crd 👉 https://www.facebook.com/239994519471384/posts/242228662581303/
Comments
Post a Comment