အလွမ်း

အချစ်ရေ
မင်းပြန်သွားပြီးကတည်းက
တံခါးကို အသာခေါက်ပါလို့
ဧည့်သည်တစ်ယောက် ရောက်လာတယ်။

လူခြေတိတ်ချိန်
အများအိပ်ချိန်မှ
ကိုဧည့်သည်
လာပုံထူးတာကြောင့်
မင်းဘယ်သူတုံးလို့
မောင်ကမေးတော့
သူ့ဖြေပုံ တကယ်ဆန်းတယ်ကွယ်
အလွမ်းတဲ့လေး။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)

မြကြာဖြူ (အပိုင်း-၂၁)