ကျားပျံမ​ကောက်

#မင်းလူ
#ကျားပျံမကောက်

အမေသောက်တဲ့ ဆေးပေါ့လိပ်နာမည်ကို
သိတယ် မဟုတ်လား
"ကျားပျံမကောက်" တဲ့။

ညွန့်ဝင်း ဆိုခဲ့တဲ့ သီချင်းနာမည်ကို
သိတယ် မဟုတ်လား
"အချော့တော်" တဲ့။

မင်းကလည်း
ဆတ်ဆတ်ထိမခံဘူး။
ထစ်ခနဲ ဆို စိတ်ကောက်ဖို့ပဲ တတ်တယ်။

ငါကလည်း မင်းမျက်နှာ
တစ်ချက်ကလေး ပျက်ရင်
မနေတတ်ဘူး
ချော့ဖို့ပဲ တတ်တယ်။

မင်းနဲ့ငါကတော့
အရူးနဲ့ လှေလူး ပါပဲကွယ်။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)