အားလုံးတိုးဝှေ့

​မျှော်လင့်ချက်​တွေ
အမြစ်ကို ​ရေမ​ရောက်ဘူး
လူ့ဘဝက ခဏ​လေး ဆို​ပေမယ့်
အချိန်အများကြီး ရပါတယ်
မတ်မတ် ရပ်​နေလား
​နေ​စောင်းရင် အရိပ်​စောင်းရဲ့
ပန်းတိုင်မတူလည်း
တ​နေရာရာကို ​ရောက်ဖို့အတွက်
အားလုံး တိုး​ဝှေ့​နေကြရတာပဲ
ဘယ်သူ ပိုအရေးကြီး​နေပါလိမ့်
ဘုရားဆီ သွား​နေသူ​ရော
ဘုရားဆီက ပြန်​နေသူ​ရော။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)