လူဖြစ်ရတာ ​ကောင်းတယ်

#နေမျိုး
#လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့ ...
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်။
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး ... ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်။
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်
တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး
တစ်ခါတစ်လေ သတိရ
တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်။
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်။
ဆေးရုံတက်မလား
ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား
အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား
နေမျိုးကြီးကဗျာတွေ ဖတ်မလား
လူဖြစ်ရတာကောင်းတယ်။
ယဉ်ကျေးပါ
သင်ယူပါ
ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်။
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ ...
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်။
လူဖြစ်ရတာကောင်းတယ် ...
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ....
ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)