တစ်ခုသောည
လမ်းမပေါ်
အသံတွေတိတ်ပေါ့
မော်တော်ကားတစ်စီး
အမှောင်ထဲကို အရှိန်နဲ့အော်ဟစ်ပြီး တိုးဝင်သွားပုံ
ညထဲမှာ
ဗာဒံရွက်တွေ
လေတိုးတိုင်း တီးတိုးစကားဆိုကြ
ရှမ်းရိုးမတောင်တန်းကြီးပေါ်မှာ
တောမီးတွေ တရဲရဲ တောက်လောင်လို့
ဒီညမှာ
ငါ ကဗျာမရေးချင်ဘူး
ဒီညမှာ
ငါမအိပ်ချင်ဘူး
ဒီညမှာ ....
ထပ်၍
ဒီညမှာ .....
သမီးလေးက
သူ့အရုပ်ကလေးကို
ဂျပ်ဘူးထဲ ပျော်အောင် သိပ်လို့။ ။
Comments
Post a Comment