ရမယ်ရှာ

ပန်းက အမယ်စုံတယ်
ခြွေလက်သာ အဆုံးသတ်။
အသက်က အရွယ်စုံတယ်
​သေခြင်းမှာ ဆုံမှတ်။
ပွင့်ခြင်းနဲ့ ​ကြွေခြင်းကြား
​မွေးခြင်းနဲ့​သေခြင်းကြား
ဘာ ရခဲ့လဲ။
ဆားချက်သမားကြီး ဂဠုန်အိုက​တော့ ​
ရေထဲက နဂါး ...ကို ​မျှော်ရင်း ​စောင့်ရင်း
ဆားတောင်​တွေသာ ....။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)