ဘယ်သူ ငါ့စီးကရက်ကို လုသောက်ခဲ့သလဲ

မနက်လင်းလို့ အိပ်ရာနိုးတော့
သတင်းစာ အဆင်သင့်ရောက်နေလို့
ကောက်ဖတ်ကြည့်လိုက်တော့
ငါ့နာရေးသတင်းကို တွေ့ရတယ်။

“ ကဗျာဆရာ မောင်ချောနွယ်
အသက်ငါးဆယ် ကွယ်လွန်သွားပါသဖြင့်
အကြောင်းကြားအပ်ပါသည် ”

ဟာ….
မဟုတ်တာ ငါ ဘယ်တုန်းက သေလို့တုန်း
ငါ အသက်ရှင်တုန်းကြီးပါ
ဘယ်လိုလဲ
အခုကိုပဲ သတင်းစာဖတ်နေတုန်းပါ
ဘယ်လိုလဲ
အရာရာဟာ မှားယွင်းခဲ့ပြီလား
ငါ့ကိုယ်ငါ လက်နဲ့ပွတ်သပ်မိတုန်း
အသံတစ်သံ အခန်းထဲဝင်လာ
“ အစ်ကိုကြီး ပုလင်းရောင်းမလား ”
သေချာပြီ
ဒီအသံဟာ ငါအသက်ရှင်နေကြောင်း ပြတဲ့အသံ
“ အေး ..  ဝင်ခဲ့
ဟောဒီမှာရှိတဲ့ ပုလင်းတွေအကုန်လုံး
အလကားယူသွား
ငါမရောင်းဘူး
ငါ့အသက်ကို ငါမရောင်းဘူး ”
---------------------------------------------------

crd 👉 https://www.facebook.com/239994519471384/posts/240461359424700/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)