သူငယ်ချင်းသို့

လျှောက်လွှာစာရွက် စာအုပ်အထူကြီးနဲ့
‌ဖော်ဝေးဟာ
ကဗျာတွေ ရေးကူးထားတာပေါ့လေ
(သူကြိုက်တဲ့ကဗျာတွေပေါ့လေ)
စာအုပ်က အထူကြီး
အဲဒီထဲ ငါ့ကဗျာတစ်ပုဒ်မှ မပါဘူး
"ကျွန်တော် အကုန်မကူးရသေးဘူးဗျ"...လို့
သူက ငါ့ကို အားနာနေတယ်။
အဲဒီတုန်းက
အဲဒါကြောင့်
ကျွန်တော် ကြိတ်ပြီး ဝမ်းနည်းခဲ့ပါတယ်။
အဲဒီကလွန်ပြီး နောက်နှစ်များမှာ
ဖော်ဝေးနဲ့ ကျွန်တော် ချစ်ခဲ့တယ်။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)