နီတိများ
#နေမျိုး
#နီတိများ
နီတိဟာ အနီရောင်ရှိတယ် ... တိလည်းတိကျတယ် ... ဒါကြောင့် ဒီလိုခေါ်ကြတယ် .... နီတိလို့။
နီတိဆရာတစ်ယောက်က ပြောတယ် ... နီတိတွေကို အရမ်းမယုံနဲ့တဲ့ ... ဒါဟာ နီတိတစ်ခုပါပဲ။
နီတိဟာ ဒီနေ့ မှန်နေပြီး မနက်ဖြန်မှာ မှားယွင်းနိုင်တယ် ... ဒါပေမဲ့ သန်ဘက်ခါကျတော့ မှန်ချင် မှန်လာပြန်ရော။
နီတိတွေကို မှားယွင်းရကောင်းလားလို့ ဘယ်တော့မှ အပြစ်မဆိုလေနဲ့ကွယ့် ... ငါတို့ခေတ်ရဲ့ကမ္ဘာကြီးဟာ ရှုပ်ထွေးပြီး နားလည်ရခက်လွန်းတော့ နီတိတွေဟာ အစိတ်အပိုင်းအားလုံးကို ခြုံငုံမိဖို့ အခက်အခဲတော့ ရှိပေသပေါ့။
နီတိဆရာတစ်ယောက်ဟာ သူ့နီတိတွေကို ပြောပြဖို့ ကြိုးစားရှာတယ် ... ဒါပေမဲ့ နီတိဟာ နီတိပါပဲ ... နီတိဟာ ပေါင်မုန့်မဟုတ်ပေမယ့် နီတိဟာ ပေါင်မုန့်ကို ပိုပြီး အရသာရှိစေပါတယ် ... နီတိဆရာက ဒီလိုပြောတယ် ... ပေါင်မုန့်ကို စားဖို့ အကောင်းဆုံးအချိန်ဟာ သင် ဆာလောင်မွတ်သိပ်နေတဲ့ အချိန်ပါပဲတဲ့ ... ဒါကြောင့်လည်း နီတိဆရာတွေကို ရှေးရှေးတည်းက လေးစားလာကြတာပဲ။
နီတိတစ်ခုကို ငါပြောပြမယ် ... ပေါင်မုန့်တစ်လုံးကို လူနှစ်ယောက် ခွဲဝေစားတဲ့အခါ ပျော်ရွှင်ဖွယ်အရသာကို ရလိမ့်မှာလို့။
crd 👉 https://www.facebook.com/490022464847579/posts/606954849821006/
Comments
Post a Comment