ဖြစ်ရလေ

​မောင်​ကြီးနှမ ခိုင်​သဇင်​
ဘယ်​ဆီများလဲ ဟင်​။
​ခေါင်းမှာရွက်​လို့ ​ရေအိုးတင်​
​ရေခပ်​သွားမယ်​ရှင်​....။

​ရေအိုးထမ်းလို့ လိုက်​ခဲ့ချင်​
လိုက်​ရမလား ဟင်​။
​မောင်​ကြီးသ​ဘော အတိုင်းပင်​
လိုက်​ချင်​ လိုက်​​ပေါ့ရှင်​.....။

​မောင်​ကြီး​မေတ္တာပန်းကိုဆင်​
လက်​ထပ်​မလား ဟင်​။
​မောင်​ကြီးသ​ဘောအတိုင်းပင်​
နာယူပါ့မယ်ရှင်​......။

နှမ​လေးရဲ့ ​မွေးဖခင်​
ဘာလုပ်​စားလဲ ဟင်​။
ထွန်​ထယ်​ရုန်းလို့ လယ်​ကွင်းပြင်​
လယ်​လုပ်​စားတယ်​ ရှင်​......။

​မောင်​ကြီးနှမ ခိုင်​သဇင်​
ပစ္စည်းရှိလားဟင်​။
နှမ​လေးရဲ့ အဆင်းပင်​
ပစ္စည်းပါပဲရှင်​......။

သည်​လိုဖြင့်လဲ ခိုင်​သဇင်​
မယူနိုင်​ဘူးထင်​။
ယူပါလို့များ ပျို​လေးခင်​
​ပြောဖူးလို့လား ရှင်​.......။    ။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)