တစ်စုံတစ်​ယောက်ကို သင် ချစ်​တော့မည်ဆိုလျှင်

#နေမျိုး
#တစ်စုံတစ်ယောက်ကို_သင်ချစ်တော့မည်ဆိုလျှင်

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက
သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။
အဲဒီအချက်ကို သိရှိပြီးရင်
နောက်ထပ် သင်နားလည်ထားရမှာက
လက်တွေ့မှာ
သင် ခွဲဝေပေးနိုင်တာထက်
အနည်းဆုံး၂ဆပိုပြီး
အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သူဝမ်းနည်းတဲ့အခါ သင် မျက်ရည်ကျရလိမ့်မယ်
သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာဖြစ်တယ်။

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သူ့ကိုမချစ်မိအောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ကြည့်ပါ။
ယနေ့ခေတ်မှာ မချစ်မိအောင်ကြိုးစားရင်း
သံယောဇဉ်ဖြစ်သွားကြသူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်လာပြီ ဖြစ်ပါတယ်။
အချစ်ဆိုတာကတော့ နှစ်ယောက်တစ်ကမ္ဘာပါပဲ။
အဲဒီကမ္ဘာရဲ့ လူဦးရေထက်ဝက်ကျော်ဟာ အချစ်ကို သိရှိနားလည်ကြတယ်။

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သင်ဟာ တစ်သက်တာမှာ အထူးခြားဆုံးဘာသာရပ်ကို သင်ကြားရတော့မယ်လို့ နားလည်လိုက်ပါ။

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သင့်အိတ်ထဲကပိုက်ဆံတွေ လျော့လျော့သွားလိမ့်မယ်
သင်က ဒါကိုပဲ ပျော်ရွှင်နေဦးမှာဖြစ်တယ်လို့ ကြိုတင်အသိပေးလိုက်တယ်။

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
နေမင်းကြီးထွက်ပေါ်လာပုံကို ပိုပြီးအဓိပ္ပာယ်ကြွယ်ဝစွာပင် နားလည်မိမှာ ဖြစ်တယ်။
တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင်
သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာဟာ မီးလောင်နေပြီး အဲဒီနေရာကို
မီးသတ်ကားတွေဟာ ဘယ်တော့မှ ရောက်အောင်မသွားနိုင်ကြဘူးကွဲ့။

#နေမျိုး
#တစ်စုံတစ်ယောက်ကိုသင်ချစ်တော့မည်ဆိုလျှင်
(မြွေကြီးပါခင်ဗျာ)စာအုပ်မှ

https://www.facebook.com/490022464847579/posts/845825849267237/

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)