တမ်းချင်း

#တမ်းချင်း

ပြတင်းပေါက်ကို
မိုးစက်တွေထိမှန်
တဝုန်းဝုန်း မိုးသံကြား
လန့်နိုးလာတယ်....

မိုးစက်တွေ အားလုံးမှာ
မင်းမျက်နှာတွေ
ရှည်လျား ... ဆွဲငင် ... ရီမောလို့.....

တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တယ်
လောင်မြိုက်နေ တောက်ပ
အရည်ပျော်ကျမတတ် ပူပြင်း
စုတ်ပြတ် လွင့်ကြွေ
သစ်ရွက်တွေသာ
ပြန့်ကြဲနေကြရဲ့....

မှိုင်းညို့ တောအုပ်ထဲမှာ
မင်းနာမည် အော်​ခေါ် နေမိတယ်
အသံတွေအားလုံး  တိတ်ဆိတ်လို့
ကြေကွဲ နစ်မြုပ်သွားတဲ့အထိ....

အခန်းထဲ ပြန်ရောက်တော့
လန်းဆတ်ပန်းပွင့်တွေ ကြွေကျနေတာ
သင်းပျံ့စွာ မြင်ရတယ်...

ဒီလိုနေ့ရက်တွေ
ပျက်သုဥ်းလိုက် ပြန်သစ်လိုက်
မှောင်မိုက်ခြင်းဟာ
တသက်စာ ဖုံးလွမ်းလို့
တမ်းတတေးသံတွေ
ဆူညံ လွင့်မျောနေရဲ့.။   ။

#မင်းထက်ဝေး(လားရှိုး)
၁၄.၇.,၂၀၂၀.

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)