ဧရာဝတီလင်းပိုင်
#ဧရာ၀တီလင်းပိုင်
#SaveIrrawaddydolphins
#SaveLives
ဧရာဝတီလင်းပိုင်ဆိုတာ ဒီလိုလေးတွေပါ။ မျက်နှာမြင် ချစ်ခင်ပါစေလို့ ဆုတောင်းပြည့်တဲ့ငါးလေးတွေပါ။ လူတွေနဲ့ အလွန်ရင်းရင်းနှီးနှီးနေတတ်တဲ့ သတ္တဝါလေးတွေပါ။ ခေါင်းလုံးလုံးလေးတွေနဲ့ အင်မတန်ချစ်စရာကောင်းပါတယ်နော်။ စဉ့်ကူးမြို့ ဧရာဝတီမြစ်တလျှောက်မှာ ယနေ့အချိန်ထိ တွေ့နိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ကလေးလေးတွေကို မသတ်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
လင်းပိုင်ဟာ တစ်ကမ္ဘာလုံးမှာ ရှိတယ်။
မြန်မာနိုင်ငံမှာရော ရှိလား ???....
ရှိပါတယ်။
ဧရာဝတီလင်းပိုင် (ခေါ်) ချစ်စရာအပြုံးပိုင်ရှင်များ ဘယ်နေရာမှာလဲ ????
ဧရာဝတီမြစ်မှာ.... ဧရာဝတီမြစ်မှာ စတွေ့ခဲ့လို့ အဲ့ဒီလင်းပိုင်ကို ဧရာဝတီလင်းပိုင်လို့ ခေါ်တယ်။
တခြားလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင် ခြားနားချက်က ကွန်မွန်းဒေါ်ဖင်တို့လိုအကောင်တွေမှာ နှုတ်သီးပါပြီး ဧရာဝတီလင်းပိုင်တွေမှာ နှုတ်သီးမပါဘူး။
ဘာကြောင့်လဲ ???
ကွန်မွန်းဒေါ်ဖင်ကကျတော့ ပင်လယ်(ရေငန်)မှာ နေပြီး ဧရာဝတီလင်းပိုင်တွေက (ရေချို) ... ဒါတွေကွဲပြားမှုကြောင့် ကွဲပြားသွားတယ်။
ကမ္ဘာပေါ်မှာ ရေချိုမျိုးစိတ် ၇ မျိူး ရှိတယ်။ ရေချိုမှာရှိတဲ့ မျိုးစိတ်က အလွန်ရှားပါးတယ်။ လင်းပိုင်က သွေးနွေးသတ္တဝါဖြစ်ပြီး အရောင်က နက်ပြာရောင်ရှိပြီး အလေးချိန်က 200kg ရှိတယ်။
သူတို့ ဘယ်လို မွေးဖွားလဲ???
သူတို့က ၁၄ လ လွယ်ထားရတယ်။ ပြီးတော့ သူတို့က မြွေတွေ၊ ခွေးတွေ၊ ကြောင်တွေလို ၆ကောင်၊ ၇ ကောင် မွေးတာ မဟုတ်ဘူး။ တစ်ခါမွေး တစ်ကောင်ပဲ မွေးတာ။ ဧရာဝတီလင်းပိုင်တွေက အရမ်းချစ်စရာကောင်းတယ်။ ဘာလို့လဲဆိုရင် ဧရာဝတီမြစ်ဆိုတာ ငါးတွေအများကြီး ရှိတယ်။ အဲဒီအခါမှာ တံငါသည်တွေ၊ ငါးခြောက်လုပ်ငန်းတွေ များပြားလာတယ်။
ဧရာဝတီလင်းပိုင်တွေက ဘယ်လိုချစ်စရာကောင်းတာလဲ ???
သူတို့ပုံပန်းသဏ္ဌာန်တွေက ချစ်စရာကောင်းတယ်။
ဟုတ်တယ် အမူအရာလေးတွေကရော ???
သူတို့အမူအရာလေးတွေက တံငါသည်တွေက ငါးလိုချင်ရင် လှေတွေကို လှော်တက်လေးတွေနဲ့ တဒေါက်ဒေါက် ခေါက်ပေးလိုက်ရင် ဧရာဝတီလင်းပိုင်လေးတွေ ရောက်လာပြီး ငါးများတဲ့နေရာလေးတွေကို ခေါ်သွားတတ်တယ်။
စိုးရိမ်စရာက သူတို့က မျိူးသုဉ်းတော့မယ်အရေး ရင်ဆိုင်နေရတယ်။
ဘာတွေဖြစ်လို့လဲ ???
အခု နည်းပညာတွေက အရမ်းတိုးတက်လာတယ်။ အရင်က ငါးမျှား၊ နောက် ပိုက်ကွန်နဲ့ ... တဖြည်းဖြည်း တိုးတက်လာတယ်။ ပိုက်ကွန်ပြီးတော့ လျှပ်စစ်ရှော့ခ်ရိုက်တော့ ငါးတွေ ဓာတ်လိုက်ပြီးတော့ သေ... သေပြီးတော့ ပေါလောပေါ် ....အဲဒီတော့မှ မျောလာတဲ့ ငါးသေတွေကို အေးဆေးကောက်ကြတယ်။ ဒါပေမယ့် ဆိုးကျိုးတွေက လာပြီ။ ဘာလဲဆိုရင် ဧရာဝတီလင်းပိုင်လေးတွေလည်း လျှပ်စစ်ရှော့ခ်ရိုက်ခံရပြီး သေကြရတော့တယ်။ အဲ့ဒီအတိုင်းပဲ နည်းအမျိူးမျိူးနဲ့ ဧရာဝတီလင်းပိုင်တွေ ၇ ကောင်တိတိ သေဆုံးခဲ့တယ်။ ထိတ်လန့်ဖို့ကောင်းတာ အမတွေချည်းပဲ။ ဧရာဝတီလင်းပိုင်အုပ်စုမှာ အကောင် ၈၀ လောက် ရှိတယ်။ အဲ့ဒီအထဲကမှ အမတွေချည်းပဲ ၇ ကောင် သေတော့ ၇၃ ကောင် ကျန်မယ်လို့ ပြောနိုင်တယ်။ ဟုတ်တယ်။ အဲဒီလို ပြောနိုင်တယ်။ ဒါပေမယ့် အဲဒီ အမ ၇ကောင်က မွေးလာတဲ့ ဧရာဝတီ လင်းပိုင်ကလေးတွေနဲ့ ပေါင်းလိုက်ရင် ၇ကောင် ပိုများသွားမယ်၊ အဲ့ဒီ၇ ကောင်ထဲမှာ အမ မပါဘူး လို့ ပြောနိုင်လား???? ဘယ်သူမှ မပြောနိုင်ဘူး။
ဒါကြောင့် ဒီဧရာဝတီလင်းပိုင်လေးတွေကို စောင့်ရှောက်ကြရမယ်။ ပြီးတော့ ဒီဧရာဝတီလင်းပိုင်တို့ ... ပုဂံတို့လိုမျိုး ရှေးဟောင်းအမွေအနှစ်တွေရှိလို့ မြန်မာနိုင်ငံက နိုင်ငံခြားဝင်ငွေ ရတယ်။
ဧရာဝတီလင်းပိုင်တွေ မျိုးသုဉ်းသွားပြီဆိုတော့ ဘယ်သူနစ်နာမှာလဲ ????
မြန်မာနိုင်ငံပဲ နစ်နာမှာ။ ဒါကြောင့် ဒီဧရာဝတီလင်းပိုင်လေးတွေ မျိူးတုန်းမသွားအောင် ကူညီဆောင်ရွက်ဖို့ ဒီနိုင်ငံမှာ နေထိုင်တဲ့ လူတွေအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ပုဂံကို ထိန်းသိမ်းရင်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဖြစ်သွားခဲ့သလိုပဲ ဒီဧရာဝတီလင်းပိုင်တွေကိုလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထဲ မဝင်ရင်တောင် မျိုးမသုဉ်းအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။
crd 👉 https://m.facebook.com/story.php?story_fbid=740789063159697&id=100016858307262
crd 👉 Photo
Comments
Post a Comment