ဝါဆိုပန်း
#ဝါဆိုပန်း
မိုးစိုစိုမှာ
တောင်းဆိုခဲ့သမျှ အဆိုတွေလည်း
ဝါကျင်ခြောက်သွေ့ပေါ့။
သူက
ပုန်းညှက်အပွင့်ကို
ပုန်းကွယ်ရင်း စောင့်နေသူ။
ကိုယ်က
ဆောင်တော်ကူးပန်းလေးကို
ရေလောင်းပြီး စိုက်ပျိုးသူ။
အတိတ်က
ညှိမရသော သဘောထားတွေနဲ့
ခါချဉ်တွေနဲ့ အင်ကြင်းပန်းနံ့က
နာတာရှည်လွန်းတယ်။
ကိုယ်တို့ဘဝထဲ
ရနံ့မရှိသော စက္ကူပန်းများကို
ပစ်ပယ်စရာ အကြောင်းမရှိ။
တကယ့်တကယ်
နှစ်ယောက်သား
ဘုရားမှာ ကပ်မိသော ပန်းများက
မရေရာသော ကြာပန်းတွေ …။ ။
#စိုးခိုင်ညိန်း
Comments
Post a Comment