မရှိတဲ့အ​ဖော်

#မရှိတဲ့အဖော်

အောင်မြင်ခြင်းမှာသာ လူစည်ကားပြီး
ရှုံးနိမ့်ခြင်းမှာတော့ ကိုယ်တစ်ယောက်တည်း
လူ ရှာဖွေပေါင်းသင်းမှုမှာ
ကိုယ် တော်တော် ညံ့ဖျင်းလှတယ်။

ကိုယ်ကလည်း ကိုယ်ပါပဲ
လူစည်ကားရာ အရပ်မှာ ပျော်နေမိပြီး
တစ်ယောက်တည်း အထီးကျန်မှုမှာ
မနေချင်ပြန်ဘူး
ဒါဆို ကိုယ် တော်တော် လိုသေးတယ်။

ညက မက်တဲ့ အိပ်မက်ထဲမှာတော့
“ခင်ဗျား တော်တော် မလိုပါဘူး
ရှုံးနိမ့်ဖော်တစ်ယောက်ပဲ လိုတာပါ" တဲ့
ဒါနဲ့ ကိုယ် တော်တော် ပျော်သွားတယ်။

အိပ်မက်ကလည်း လန့်နိုးရော
ရှုံးနိမ့်ဖော် ဘယ်မှာ ရှာရမလဲ”လို့
မမေးခဲ့မိတာကို နောင်တရမိပါရော
ကိုယ် တော်တော် ဝမ်းနည်းသွားတယ်။

#ဖြိုးသာရ

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)