ပျော်ရွှင်မှုစွတ်ပြုတ်
သရက်သီးတွေက မှည့်ရင်ချိုသလို
ဘဝကကော ကြီးရင်ချိုမှာလား
ရုပ်ရှင်တွေထဲတော့ အမှန်တရားနိုင်တာပဲ
တောအနှံ့ တောမီးတွေ
နေရာအနှံ့ သင်းချိုင်းတွေ
သတင်းစကားဟာ ဘဝဘယ်နှခုကို
သေဆုံးသွားစေသလဲ
ကြေကွဲစရာတွေချည်း
စားသောက်နေရတာ ငြီးငွေ့ပြီ
အပြောင်းအလဲလေးဖြစ်အောင်
ပျော်ရွှင်မှုစွတ်ပြုတ်ပူပူလေး ပေးပါလား
နိုင်ငံတော်ချိနဲ့နေတာ ကြာပြီ။
Comments
Post a Comment