အကုန်သက်သာ​သောလ

#နိုမူကာ
#သစ္စာနီ(ဘာသာပြန်သူ)
#အကုန်သက်သာသောလ

လကို ငါဘာကြောင့် စားမရတာလဲ
အဲဒါကို စဉ်းစားလို့မရဘူး။

ဆာလောင်နေတဲ့ ငါးတစ်ကောင်ဟာ
ကန်ရေထဲမှာ အရိပ်ထင်နေတဲ့ လ,ကို
ကျွတ်ကျွတ်ဝါးရင်း ပြောတယ်။

ငါစားတာပဲ၊ စားနတောပဲ
စားနေလျက်နဲ့ အဲဒါက ပျောက်မသွားဘူး
အံ့ရော။
ဒါဟာ မကုန်ခန်းနိုင်တဲ့အရာလား
အံ့ရော။

ရေထဲမှာ အရိပ်ထင်နေတဲ့ လ,ကို
ဆာလောင်စွာ တကျွတ်ကျွတ်ဝါးရင်း
ကန်ထဲမှာ ငါးဟာ ဆီမန်းသလို
တတွတ်တွတ် ပြောနေတော့တယ်။

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)