ဖြတ်ရိုက်ခံရတဲ့ငှက်

#ဖြတ်ရိုက်ခံရတဲ့ငှက်

လေးညှို့သံကိုလည်း နားထောင်မယ်
အစာလည်း ကောက်မယ်

မြေဇာမြက်ခြောက်လေးတွေနဲ့
အသိုက်တစ်ခု ဆောက်မယ်

သဘာဝတရားကြီးအစ မယုံရတဲ့အကြောင်း
တစ်ပင်တည်း နားဖော် နားဘက်တွေကို ပြောပြမယ်

အိပ်တန်းပြန်ရောက်ရင်
ခဲထိထားတဲ့ ဒဏ်ရာကို ဆေးထည့်ရအုံးမယ်

ဒီတခါ မုန်တိုင်းကလွတ်ခဲ့ရင်
မြက်ပင်ခြောက်လေးတွေ ရှာရအုံးမယ်

ဒီတခါတော့ ပန်းသီးတွေရှိတဲ့အရပ်ကို
ရှောင်ရမယ်။

#သက်ငြိမ်ဦး

Comments

Popular posts from this blog

မုန်း၍မဟူ၊ အခန်း (၁)

အပြင်ကလူ (၁)(အပိုင်း ၄)

စိမ်းသင့်မှစိမ်း (အခန်း ၁၁)