မသေသေးတဲ့ငါ
#မသေသေးတဲ့ငါ
ငါ့ရဲ့မိတ်ဆွေတွေက သေကုန်ပြီး
ငါက မသေသေးတာဟာ
ကံကောင်းလို့သာ ဖြစ်တယ်။
ဒါကို ငါ သိပါတယ်။
ဒါပေမဲ့ မနေ့ညက အိပ်မက်ထဲမှာ
အဲဒီမိတ်ဆွေတွေက ပြောတယ်။
"လိုက်လျောညီထွေ နေနိုင်တဲ့ကောင် ကျန်တာပေါ့တဲ့"
ငါ့ကိုယ်ငါ မုန်းလိုက်တဲ့ဖြစ်ခြင်း။
#မောင်ဒေး-မြန်မာပြန်
Comments
Post a Comment