သူနာပြုဘုရား
#သူနာပြုဘုရား
ကိုယ်ရိပ်သဏ္ဍာန်၊ ညီအာနန်နှင့်
မြတ်မွန်ထွတ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်၍ ကြည့်သတည်း။
ကျီးသံသဲသဲ၊ ယင်မဲမဲနှင့်
ပြာမွဲညစ်ရောင်၊ ကျောင်းတဆောင်ကို
ဘုန်းခေါင်ဘုရား၊ ဝင်၍သွားသော်
သနားစဖွယ်၊ ကျောင်းအလယ်၌
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာတွေ့ရပါသတည်း။ ။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီအာနန်ကို
ချိုးရန်ရေကောင်း၊ ဆောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင် ဘုရား၊ လက်တော်ထား၍
ညီဘွား ခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စေ တင်သတည်း။ ။
ထို့နောက် ရှင်တော်၊ စည်းဝေးခေါ်၍
မြွှက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြား ဖဝေး၊ တရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည်
များစွာအပေါင်း၊ ရဟန်းကောင်းတို့…
ညံ့ပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။
#မင်းသုဝဏ်
crd 👉 https://m.facebook.com/story.php?story_fbid=3660075134022400&id=1877881868908411
Comments
Post a Comment